ထိုင်းနိုင်ငံဟာ လူနာတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်နဲ့ ကိုက်ညီအောင် သီးသန့် ဖန်တီးထုတ်လုပ်မယ့် "ကင်ဆာကာကွယ်ဆေး (Personalised Cancer Vaccine)" ကို လူသားတွေနဲ့ စတင်ပြီး လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ဒီပရောဂျက်ကို ထိုင်းအစိုးရ ဆေးဝါးလုပ်ငန်းအဖွဲ့ (GPO)၊ ချူလာလောင်ကွန်း တက္ကသိုလ် (Chulalongkorn University) နဲ့ အမေရိကန်အခြေစိုက် Seqker Biosciences ကုမ္ပဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်နေတာဖြစ်ကာ
ဒီဆေးက သာမန်ကာကွယ်ဆေးတွေလို လူတိုင်းကို တပြေးညီ ထိုးပေးတဲ့ ဆေးမျိုး မဟုတ်ပါဘူး။ လူနာတစ်ယောက်ချင်းစီရဲ့ ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေရဲ့ မျိုးရိုးဗီဇ ကို ဓာတ်ခွဲခန်းမှာ အရင်ဆုံး စစ်ဆေးပါတယ်။ ပြီးတော့မှ အဲဒီအချက်အလက်တွေကို သုံးပြီး လူနာရဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည်နှိုးဆွပေးမယ့် ကာကွယ်ဆေးကို သီးသန့် ဖန်တီးတာပါ။ ဒီဆေးကို ထိုးလိုက်တဲ့အခါ လူနာရဲ့ ကိုယ်ခံအားစနစ်ဟာ ကင်ဆာဆဲလ်တွေကိုပဲ ရွေးချယ်ပြီး တိုက်ရိုက် သွားရောက်တိုက်ခိုက် ခြေမှုန်းပေးမှာ ဖြစ်ပါတယ်။
.အဲဒါတွေကတော့ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတို့ဘဲဖြစ်ပါတယ်။



