back

ရန်ကုန်တိုင်းဒေသကြီး သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိအခန်းများကို မဲနှိုက်ပေးမည်

Jun 27 • 1:52 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီး သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိအခန်းများကို မဲနှိုက်ပေးမည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ထပ်မံပြီးစီးသည့် တိုက်သုံးလုံးမှ အခန်း(၄၈)ခန်းနှင့် စည်းကမ်းပျက်၍ ပြန်လည...

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ထပ်မံပြီးစီးသည့် တိုက်သုံးလုံးမှ အခန်း(၄၈)ခန်းနှင့် စည်းကမ်းပျက်၍ ပြန်လည်သိမ်းဆည်း ထားသောအခန်းများကိုဇွန် ၂၈ ရက်နံနက် ၁၀ နာရီတွင် တန်းစီဇယားအလိုက်မဲနှိုက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွက် တစ်လုံး၊ ပညာရေးဝန်ထမ်းများအတွက်တစ်လုံး၊ ဌာနစုံအတွက် တစ်လုံးဖြစ်ရာ မဲနှိုက်ခွင့်ရသူများကို ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံ(မြောက်) ထွေ/အုပ်ရုံးနှင့် သက်ဆိုင်ရာ ဦးစီးဌာနများသို့ အသိပေးသွားမည်ဖြစ်ကာ အချို့ဌာနများ မှဝန်ထမ်းများကို ဖုန်းဖြင့်ဆက်သွယ်အသိပေးသွားမည်ဖြစ်ကာအဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေထိုင်ရေးအခက်အခဲရှိသော ပြည်သူအငြိမ်းစား ဝန်ထမ်း များနှင့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများကို ငှားရမ်းနေထိုင်ခွင့်ပြုသည့် ပြည်သူ့အငှားအိမ်ရာဖြစ်ကြောင်း သိရပါတယ်။


news-view-count-icon

24