back

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် မြန်မာနိုင်ငံသား ၁၂၈ ဦးစေလွှတ် ခဲ့

Jun 27 • 3:11 AM

breaking-news

Myanmar

Local

cover

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် မြန်မာနိုင်ငံသား ၁၂၈ ဦးစေလွှတ် ခဲ့

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှတစ်ဆင့် မြန်မာနိုင်ငံသား၁၂၈ ဦးစေလွှတ်ခဲ့ကြောင်း မြန်မာသံရုံး ဆိုးလ်မြို့မှ သိရသည်။ကိုရီးယားသမ္မ...

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှတစ်ဆင့် မြန်မာနိုင်ငံသား၁၂၈ ဦးစေလွှတ်ခဲ့ကြောင်း မြန်မာသံရုံး ဆိုးလ်မြို့မှ သိရသည်။ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှ တစ်ဆင့် EPSစနစ်ဖြင့်စေလွှတ်ခဲ့သော ကုန်ထုတ်လုပ်သား ၂၂ ဦးနှင့် ဆောက်လုပ်ရေးလုပ်သား ၆၁ ဦးတို့သည်ဇွန် ၁၆ ရက်က အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။ကုန်ထုတ်လုပ်သားသစ် ၄၅ ဦးတို့သည် ဇွန် ၂၄ ရက်ကအင်ချွန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြရာ မြန်မာသံရုံးဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများသိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။




news-view-count-icon

27