ဒီရက်ပိုင်း viber သုံးရင်းနဲ့ ပုံပို့ရင် အောက်ခြေမှာ AI သင်္ကေတ ကြယ်ပွင့်ပုံစံနဲ့ Remix image ဆိုပြီး ပေါ်နေတာ သတိထားမိမှာဖြစ်ကာ viber ထဲမှာတင် ChatGPT တိုက်ရိုက် သုံးနိုင်ပြီလို့ ပြောနေတာပါ။ ဒီ feature ရသူတွေက viber မှာ စကားပြောရင်း ပုံကို AI နဲ့ edit ပြင်ခိုင်းတာ ၊ စိတ်ကြိုက် remix ပြောင်းတာတွေ လုပ်နိုင်ကာ သူငယ်ချင်းတွေနဲ့ စကားပြောရင်း သိချင်တာရှိလို့ ChatGPT မေးချင်ရင်လည်း @ သင်္ကေတလေးနဲ့ ChatGPT ကို ခေါ်မေးရုံပါပဲ။ စကားဝိုင်းထဲမှာ ပါသူတိုင်းက ChatGPT ပေးတဲ့ အဖြေကို မြင်ပြီး ပြန်ဆွေးနွေးလို့ ရပါတယ်။ viber မှာ စာအကြောင်း ပေအကြောင်း ပြောလို့ ကောင်းသွားပါပြီ။ ChatGPT ကို ခေါ်ပြီး အပေါ်မှာ Group chat လုပ်ပြီး ဆွေးနွေးခဲ့တာတွေကို အကျဉ်းချုပ် ပြန်ပြောခိုင်းလို့ ရသလို link ပေးပြီး ရှင်းလင်းခိုင်းတာ ၊ ဘာသာပြန်ခိုင်းတာ ၊ စာအရေးအသားချောအောင် polishing လုပ်ခိုင်းတာတွေလည်း ရတာဖြစ်ကာအထဲက စကားပြောမှတ်တမ်းအကုန်ကတော့ viber ရဲ့ စံအတိုင်း end-to-end လျှို့ဝှက်ကုဒ်စနစ် သုံးတာ ဖြစ်လို့ အချင်းချင်းကလွဲရင် viber ကုမ္ပဏီတောင် သိမှာ မဟုတ်ပါဘူး။ဒီ feature ကိုသုံးလို့ ရအောင် ကိုယ့် viber ကို update တင်ထားရုံပါပဲ။ messaging app ထဲမှာ AI ရလာတာ တော်တော်တော့ အဆင်ပြေသွားတာ တွေ့ရမှာလည်းဖြစ်ပါတယ်။



