မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန်လ ၂base ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် လာမည့် အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများအပြင် ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး၊ လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများနှင့် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဆွေးနွေး
Jun 26 • 8:24 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


