ရန်ကုန်မြို့၌ ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်တို့က ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည်နယ် ရေကူးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက အမျိုးသားတံခွန်စိုက်ဆုဖလား (ရမှတ် ၁၂၅ မှတ်) နှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား (ရမှတ် ၁၂၈ မှတ်) တို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအပြီး ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒု-ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးညီညီနှင့် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသည့် အားကစားသမားများနှင့် အသင်းများအား ဆုဖလား၊ ဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
Jun 26 • 8:22 AM
Myanmar
Yangon
Share
| 20 | 0 | 0 | 0 |


