back

ရန်ကုန်မြို့အတွင်းရေစီးရေလာကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို ရန်ကုန်တိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်းများအဖြစ် ဆွေးနွေးမည်

Jun 26 • 8:21 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့အတွင်းရေစီးရေလာကောင်းမွန်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို ရန်ကုန်တိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်းများအဖြစ် ဆွေးနွေးမည်

ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေဝပ်ရေလျှံမှုလျော့နည်းစေရေး၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တတိယအကြိမ် ရန်ကုန...

ရန်ကုန်မြို့အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေဝပ်ရေလျှံမှုလျော့နည်းစေရေး၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) တွင် ကြယ်ပွင့်ပြမေးခွန်းများအဖြစ် မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက ရန်ကုန်မြို့၏ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေဝပ်ရေလျှံမှုကြာချိန် လျော့နည်းစေရေးအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များဖြင့် ကွင်းဆင်းလေ့လာစိစစ်ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

11