ဗီယက်နမ်နိုင်ငံတွင် အပူချိန်မြင့်တက်မှုကြောင့် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်မားလာသဖြင့် နိုင်ငံ၏ ဓာတ်အားလိုင်းအပေါ် ဝန်ထုပ်ဝန်ပိုး လျော့ပါးစေရန် လျှပ်စစ်ဓာတ်အားကို ထိရောက်စွာ ချွေတာသုံးစွဲကြရန် ဗီယက်နမ်နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားကုမ္ပဏီ (EVN) က ကုမ္ပဏီများနှင့် အိမ်ထောင်စုများအား ဇွန်လ ၂၅ ရက်တွင် တိုက်တွန်းခဲ့သည်။ ဗီယက်နမ်နိုင်ငံ ရာသီဥတုခန့်မှန်းရေးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံအနှံ့အပြား၌ အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်သို့ မြင့်တက်နိုင်ကြောင်း သိရသည်။
အပူလှိုင်းကြောင့် လျှပ်စစ်လိုအပ်ချက် စံချိန်တင်မြင့်တက်၊ လျှပ်စစ်ချွေတာသုံးစွဲရန် ဗီယက်နမ် တိုက်တွန်း
Jun 26 • 8:20 AM
Vietnam
Local News
Share
| 7 | 0 | 0 | 0 |


