back

ကမ္ဘာ့ရာသီဥတုရန်ပုံငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ မလုံလောက်ဟု ဘင်္ဂလားဒေ့ရှ် ပြော

Jun 26 • 8:18 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့ရာသီဥတုရန်ပုံငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ မလုံလောက်ဟု ဘင်္ဂလားဒေ့ရှ် ပြော

တရုတ်နိုင်ငံ ဒါလီယန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအကြီးအကဲ၏ အထူးကိုယ်စားလှယ် တာရစ် ရာမန်က လက...

တရုတ်နိုင်ငံ ဒါလီယန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအကြီးအကဲ၏ အထူးကိုယ်စားလှယ် တာရစ် ရာမန်က လက်ရှိတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလျံ သတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုရန်ပုံငွေမှာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လက်တွေ့လိုအပ်ချက်များအတွက် မလုံလောက်ကြောင်း ဇွန်လ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုရန်ပုံငွေ ပိုမိုရရှိစေရေးနှင့် အချိန်မီထောက်ပံ့ပေးနိုင်ရေးတို့ကို တိုက်တွန်းခဲ့ပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် လာမည့် နိုဝင်ဘာလ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲမတိုင်မီ ရာသီဥတုဆိုင်ရာ ကတိကဝတ်များကို အပြည့်အဝ လိုက်နာအကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

news-view-count-icon

21