ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မွန်ပြည်နယ်တွင် ဒေသအလိုက်နှင့် နေပြည်တော်တွင် နေရာကွက်၍ မိုးကြီးခဲ့ကာ၊ ကျိုက်မရောမြို့တွင် ၃ ဒသမ ၅၃ လက်မနှင့် မုဒုံမြို့တွင် ၃ ဒသမ ၄၃ လက်မအပါအဝင် မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့အချို့တွင် မိုးရေချိန်စံချိန်တင် ရွာသွန်းခဲ့ကြောင်း သိရသည်။
Jun 26 • 8:25 AM
Myanmar
Local
Share
| 22 | 0 | 0 | 0 |


