ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ဇွန်လ ၂၃ ရက် ညပိုင်းက အိုးဝေ (သုံးဘီးဆိုင်ကယ်) မောင်းနှင်သူအား အမျိုးသားနှစ်ဦးက ကလိကားဝင်းသို့ လိုက်ပို့ရန် ငှားရမ်းခဲ့ပြီးနောက် ပြည်တော်အေးကျေးရွာအကျော် ဓာတ်မြေဩဇာဂိုဒေါင်ရှေ့အရောက်တွင် လည်ပင်းကို ဓားဖြင့်ထောက်၊ ခြေထောက်ကို ကြိုးဖြင့်တုတ်ကာ အိုးဝေယာဉ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အိုးဝေယာဉ်အား လုယက်သွားသူ အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ (ညှဉ်းပန်းနှိပ်စက်၍ဖြစ်စေ၊ သေဘေးဖြစ်စေလျက် ခြောက်လှန့်တောင်းယူမှု/ အားပေးကူညီမှု) တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။
ပဲခူးတွင်အိုးဝေပိုင်ရှင်ကို ဓားဖြင့်ထောက် ကြိုးတုတ်၍ အိုးဝေလုယူမောင်းနှင်သွားသူနှစ်ဦးကို ပုဒ်မ ၃၈၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေး
Jun 26 • 8:12 AM
Myanmar
Bago
Share
| 19 | 0 | 0 | 0 |


