back

မွန်ပြည်နယ်ရှိနဂါးမောက်ဆရာတော်ကြီး၏ သက်တော် (၄၈) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် ကျင်းပပြီးစီးကာ စေတီတော်ကြီးသို့ အခေါက်ရွှေ ၄ ကျပ်သား လှူဒါန်း

Jun 26 • 8:09 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်ရှိနဂါးမောက်ဆရာတော်ကြီး၏ သက်တော် (၄၈) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် ကျင်းပပြီးစီးကာ စေတီတော်ကြီးသို့ အခေါက်ရွှေ ၄ ကျပ်သား လှူဒါန်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာ၊ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာ၊ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တနရိန္ဒ၏ သက်တော် (၄၈) နှစ်၊ ဝါတော် (၂၈) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်ကို ဇွန်လ ၂၄ ရက်က ဆင်ယင်ကျင်းပခဲ့ရာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ဆရာတော်၏ မွေးနေ့မင်္ဂလာနှင့်အတူ စေတီတော်မြတ်ကြီး၏ သာသနအလုပ်ကျွေးပြု ဆင်တော်မင်္ဂလာ ၅ စီး လှည့်လည်ရာမှ ရရှိသည့် မီးလင်းအခေါက်ရွှေ ၄ ကျပ်သားကိုလည်း နဂါးမောက်စေတီတော်မြတ်ကြီးသို့ ပြန်လည်လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။

news-view-count-icon

9