back

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို အရှိန်မြှင့်တင်နေ

Jun 26 • 8:08 AM

breaking-news

Vietnam

Local News

cover

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို အရှိန်မြှင့်တင်နေ

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါ...

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး၊ ခေတ်မီစမတ်နည်းပညာများ အသုံးပြုထားသည့် နယ်စပ်ဂိတ်စနစ်များကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်ထိရောက်လျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံအတွင်း နယ်စပ်ဝင်ပေါက်အများဆုံးရှိသည့် ချုံကျိုမြို့သည် လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေသည့် စီးပွားရေးအချက်အချာဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

11