back

နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ရွှေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူး

Jun 26 • 8:02 AM

breaking-news

Myanmar

Local

cover

နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ရွှေတံဆိပ်နှင့် ကြေးတံဆိပ်ဆွတ်ခူး

တရုတ်နိုင်ငံတွင် ဇွန်လ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ဆုတံဆိ...


တရုတ်နိုင်ငံတွင် ဇွန်လ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် နိုင်ငံတကာပိုက်ကျော်ခြင်းဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ မြန်မာအမျိုးသမီးအသင်းသည် အဆိုပါပြိုင်ပွဲ၏ အမျိုးသမီးလေးယောက်တွဲ (Women Quadrant Event) တွင် ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲ (Women Regu Event) တွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

20