back

၂၀၂၆ ခုနှစ် တိုင်းနှင့် ပြည်နယ် ရေကူးပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားရေကူးကန်၌ နှစ်ရက်ကြာ စတင်ကျင်းပ

Jun 26 • 8:02 AM

breaking-news

Myanmar

Yangon

cover

၂၀၂၆ ခုနှစ် တိုင်းနှင့် ပြည်နယ် ရေကူးပြိုင်ပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားရေကူးကန်၌ နှစ်ရက်ကြာ စတင်ကျင်းပ

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရေကူးပြိုင်ပွဲကို ဇွန်လ ၂၄ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသားရေကူးကန် (ဦးဝိစာရ) ၌ နှစ်ရက်ကြာ စတင်ကျင်းပခဲ့ရာ ဖွင့်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရေကူးပြိုင်ပွဲကို ဇွန်လ ၂၄ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသားရေကူးကန် (ဦးဝိစာရ) ၌ နှစ်ရက်ကြာ စတင်ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရေကူးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး၊ ပြိုင်ပွဲမတိုင်မီ ဇွန်လ ၂၃ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်ဦးက ပြိုင်ပွဲဝင်အားကစားသမားများကို ကြိုဆိုဂုဏ်ပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို မျိုးဆက်သစ်ရေကူးအားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် တိုင်းနှင့်ပြည်နယ်အချင်းချင်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

24