back

စင်ကာပူ၌ ဂါဇာစစ်ပွဲနှင့်ဆက်စပ်ပြီး အွန်လိုင်းမှတစ်ဆင့် အစွန်းရောက်လာသူ စင်ကာပူနိုင်ငံသား နှစ်ဦးကို ပြည်တွင်းလုံခြုံရေးဥပဒေ (ISA) ဖြင့် အရေးယူ

Jun 26 • 3:31 AM

breaking-news

Singapore

Local News

cover

စင်ကာပူ၌ ဂါဇာစစ်ပွဲနှင့်ဆက်စပ်ပြီး အွန်လိုင်းမှတစ်ဆင့် အစွန်းရောက်လာသူ စင်ကာပူနိုင်ငံသား နှစ်ဦးကို ပြည်တွင်းလုံခြုံရေးဥပဒေ (ISA) ဖြင့် အရေးယူ

စင်ကာပူနိုင်ငံ ပြည်တွင်းလုံခြုံရေးဦးစီးဌာန (ISD) ၏ ထုတ်ပြန်ချက်အရ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့် ဂါဇာစစ်ပွဲနောက်ဆက်တွဲ အွန်လိုင်းဝါဒဖြန့်မှုများကြောင့် ကိုယ်...

စင်ကာပူနိုင်ငံ ပြည်တွင်းလုံခြုံရေးဦးစီးဌာန (ISD) ၏ ထုတ်ပြန်ချက်အရ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနှင့် ဂါဇာစစ်ပွဲနောက်ဆက်တွဲ အွန်လိုင်းဝါဒဖြန့်မှုများကြောင့် ကိုယ်တိုင်အစွန်းရောက်ဝါဒ စွဲကပ်လာခဲ့သည့် စင်ကာပူနိုင်ငံသား အမျိုးသားနှစ်ဦးကို ပြီးခဲ့သည့် မတ်လအတွင်းက ပြည်တွင်းလုံခြုံရေးဥပဒေ (ISA) အရ အရေးယူခဲ့ကြောင်း ဇွန် ၂၄ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ဆက်စပ်မှုမရှိသော်လည်း ဂါဇာပဋိပက္ခကြောင့် အစွန်းရောက်မှု ပိုမိုမြန်ဆန်လာခြင်း ဖြစ်သည်။အရေးယူခံရသူများအနက် အသက် ၃၀ အရွယ် ဖောက်သည်ဝန်ဆောင်မှုအရာရှိ တာမီဇီ (Tarmizi bin Mohd Taha) ကို ထိန်းသိမ်းဆီးပွားမိန့် (Order of Detention) ထုတ်ပြန်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။၎င်းသည် ဟားမတ်စ် (Hamas) အဖွဲ့ကို အပြည့်အဝထောက်ခံပြီး လက်နက်ကိုင်တိုက်ပွဲဝင်ရန် ပါလက်စတိုင်းနယ်မြေသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သည့်အပြင်၊ ဟားမတ်စ်အဖွဲ့က ညွှန်ကြားလာပါက စင်ကာပူနိုင်ငံအတွင်း၌ပါ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဝန်ခံခဲ့သဖြင့် လုံခြုံရေးအရ အန္တရာယ်ကြီးမားသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဂါဇာပဋိပက္ခ အရှိန်မြင့်လာပြီးနောက်ပိုင်း စင်ကာပူတွင် အဆိုပါစစ်ပွဲနှင့် ဆက်စပ်၍ အစွန်းရောက်ဝါဒ စွဲကပ်လာခြင်းကြောင့် ISA ဥပဒေဖြင့် အရေးယူခံရသူ စုစုပေါင်း ၈ ဦးအထိ ရှိလာပြီဖြစ်သည်။ စင်ကာပူအာဏာပိုင်များက ပြည်သူများအနေဖြင့် ဂါဇာဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို စိုးရိမ်ပူပန်နိုင်သော်လည်း ပြည်ပပဋိပက္ခများကို အခြေခံသည့် အစွန်းရောက်ဝါဒများ မိမိတို့လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်မလာစေရန် အထူးသတိပြုကြရန် တိုက်တွန်းထားသည်။

news-view-count-icon

6