ကရင်နီပြည် (ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒီးမော့ဆို - တောင်ငူ ပြည်ထောင်စုလမ်းမကြီး၏ လမ်းပိုင်းတစ်ခုတွင် ဒေသခံများနှင့် လူမှုအဖွဲ့အဖွဲ့များ စုပေါင်း၍ ကိုယ်ထူကိုယ်ထ လမ်းပြုပြင်မှုများ လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ဇွန်လ ၂၅ ရက်တွင် လူမှုအသင်းအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။ အဆိုပါလမ်းပိုင်းသည် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေဝပ်ပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသည့်နေရာဖြစ်သောကြောင့် အများပြည်သူ သွားလာရေးအဆင်ပြေစေရန် ဇွန်လ ဒုတိယပတ်မှစတင်ကာ စုပေါင်းပြုပြင်ခဲ့ကြခြင်း ဖြစ်သည်။ လမ်းပြင်ဆင်ရန်အတွက် လိုအပ်သော ကျောက်ကြမ်းတစ်စီးလျှင် ၈ သောင်းကျပ်၊ ဘိလပ်မြေတစ်အိတ်လျှင် ၆ သောင်းကျပ်နှင့် သဲနုတစ်စီးလျှင် ၆ သောင်းကျပ် စသည့် ကုန်ကျစရိတ်များကို လမ်းသွားလမ်းလာပြည်သူများနှင့် ကုန်သည်များထံမှ အလှူငွေကောက်ခံ၍ လုပ်ဆောင်နေရခြင်းဖြစ်ပြီး၊ လမ်းလုပ်ငန်းပြီးစီးရန်အတွက် ဘိလပ်မြေ ၁၀ အိတ်ဝန်းကျင်နှင့် သဲနု ၂ ကျင်းခန့် ထပ်မံကူညီပေးကြပါရန် လူမှုအသင်းအဖွဲ့များက တောင်းဆိုထားကြောင်း သိရသည်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် ကိုယ်ထူကိုယ်ထ လမ်းပြုပြင်နေသော်လည်း အကူအညီများ လိုအပ်နေဆဲဖြစ်
Jun 26 • 3:32 AM
Myanmar
Kayah
Share
| 22 | 0 | 0 | 0 |


