back

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ သုခဒဂုံအိမ်ရာမှ အခန်းများကို မဲနှိုက်စနစ်ဖြင့် ပြန်လည်ချထားပေးမည်ဟုဆို

Jun 26 • 3:30 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ သုခဒဂုံအိမ်ရာမှ အခန်းများကို မဲနှိုက်စနစ်ဖြင့် ပြန်လည်ချထားပေးမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် စည်းကမ်းပျက်သဖြင့် ပြန်လည်သိမ်းဆည်းထားသည့် အိမ်ခန်းများနှင့် အသစ်ထပ်မ...


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် စည်းကမ်းပျက်သဖြင့် ပြန်လည်သိမ်းဆည်းထားသည့် အိမ်ခန်းများနှင့် အသစ်ထပ်မံပြီးစီးသည့် အိမ်ခန်းများကို တန်းစီဇယားအလိုက် ဇွန်လ ၂၈ ရက် နံနက် ၁၀ နာရီတွင် မဲနှိုက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်သည်။ ယခုတစ်ကြိမ်တွင် အသစ်ပြီးစီးသည့် တိုက် ၃ လုံးမှ အခန်း ၄၈ ခန်းအပြင် စည်းကမ်းဖောက်ဖျက်၍ ပြန်သိမ်းထားသော အခန်းများကိုပါ မဲနှိုက်ပေးသွားမည်ဖြစ်ပြီး၊ မဲနှိုက်ခွင့်ရရှိသူများကို သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် ဖုန်းဆက်သွယ်မှုများမှတစ်ဆင့် အသိပေးသွားမည်ဖြစ်သည်။ အဆိုပါအိမ်ရာသည် နေရေးအခက်အခဲရှိသည့် ပြည်သူများ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားဝန်ထမ်းများကို ၅ နှစ် သက်တမ်းဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်သော်လည်း အချို့မှာ ကိုယ်တိုင်မနေဘဲ ထပ်ဆင့်ငှားခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဥပဒေမဲ့ လက်ညှိုးထိုးရောင်းစားခြင်းများ လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့ နိုင်ငံပိုင်အခန်းများကို ရောင်းစားခဲ့သူများနှင့် ပူးပေါင်းပါဝင်သူများကို တရားစွဲဆိုခဲ့ရာ တရားရုံးက ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေ ပုဒ်မ ၆(၁) အရ အလုပ်နှင့် ထောင်ဒဏ် ၁ နှစ် ကျခံစေခဲ့ပြီး၊ ဝန်ထမ်းဌာနကလည်း အိမ်ခန်းငှားရမ်းခွင့်ပယ်ဖျက်ကာ အခန်းများကို ပြန်လည်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

10