back

စစ်ကိုင်းတိုင်း၊ကသာ၌ MSD စက်ရုံက ကြံဖိုးငွေ သိန်းကိုးသောင်းကျော် မပေးသေးသဖြင့် ကြံတောင်သူများ အခက်ကြုံနေ

Jun 26 • 2:52 AM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းတိုင်း၊ကသာ၌ MSD စက်ရုံက ကြံဖိုးငွေ သိန်းကိုးသောင်းကျော် မပေးသေးသဖြင့် ကြံတောင်သူများ အခက်ကြုံနေ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်ရှိ MSD မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံသည် ကြံရာသီကုန်၍ စက်ရုံပိတ်ထားသည်မှာ တစ်လခွဲခန့် ရှိပြီဖြစ်သော်လည်း ဇွန်...

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ကသာခရိုင်ရှိ MSD မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံသည် ကြံရာသီကုန်၍ စက်ရုံပိတ်ထားသည်မှာ တစ်လခွဲခန့် ရှိပြီဖြစ်သော်လည်း ဇွန် ၂၅ ရက် အထိ ကြံတောင်သူများကို ကြံဖိုးငွေများ ပေးချေခြင်း မရှိသေးသဖြင့် တောင်သူ ၈၀၀ ခန့် ဒုက္ခရောက်နေကြကြောင်း သိရသည်။ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်အရ စက်ရုံပိတ်ပြီး ရက်ပေါင်း ၆၀ အတွင်း ကြံဖိုးငွေအားလုံး ပေးချေရမည်ဖြစ်သော်လည်း လက်ရှိတွင် စက်ရုံပိတ်ထားသည်မှာ ၄၅ ရက်ခန့် ရှိပြီဖြစ်ကာ စက်ရုံဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ တောင်သူများရရှိရန် ကျန်ရှိနေသည့် ကြံဖိုးငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၉၀,၀၀၀ မှ ၁၀၀,၀၀၀ အကြား ရှိနေသည်။ MSD စက်ရုံသည် ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၁၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ဝယ်ယူစဉ်က ကြိုတင်ငွေအဖြစ် တစ်တန်လျှင် ၂၅,၀၀၀ ကျပ်သာ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ တောင်သူများက ကြံဖိုးငွေကို သကြားဖြင့် လဲလှယ်ယူရန် ဆန္ဒမရှိဘဲ ငွေသားဖြင့်သာ ပေးချေရန် တောင်းဆိုနေကြပြီး၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကမူ MSD စက်ရုံအနေဖြင့် လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးသို့ သကြားများ သယ်ယူပို့ဆောင်ကာ သကြားအိတ်သိန်းနှင့်ချီ ရောင်းချထားပြီး ဖြစ်သဖြင့် ငွေကောက်ခံရရှိပါက တောင်သူများကို ပြန်လည်ပေးချေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြည်တွင်းဖြစ်ပွားနေသည့် နယ်မြေအခြေအနေများကြောင့် ယခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ရှိ သကြားစက်ရုံများ လည်ပတ်မှုနောက်ကျပြီး ကြံဝယ်ယူမှု လျော့ကျခဲ့သဖြင့် တောင်သူများအနေဖြင့် ကြံစိုက်ဧက သိန်းနှင့်ချီ၍ မီးရှို့ဖျက်ဆီးခဲ့ရကြောင်းနှင့် ပုံမှန်နှစ်များတွင် ကြံတန်ချိန် ၁၂ သိန်းအထက် ထွက်ရှိသော်လည်း ယခုနှစ်တွင် စက်ရုံများက တန်ချိန် ၅ သိန်းအောက်သာ ဝယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

14