back

ဗီယက်နမ်၊ဒါနန်းလေဆိပ်တွင် ဒရုန်းရန်ကာကွယ်ရေးစနစ် စမ်းသပ်၊ ပျံသန်းမှုတားမြစ်ဇုန်အတွင်း ဒရုန်း ၄၅၀ ကျော် တွေ့ရှိ

Jun 26 • 2:51 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်၊ဒါနန်းလေဆိပ်တွင် ဒရုန်းရန်ကာကွယ်ရေးစနစ် စမ်းသပ်၊ ပျံသန်းမှုတားမြစ်ဇုန်အတွင်း ဒရုန်း ၄၅၀ ကျော် တွေ့ရှိ

ဗီယက်နမ်အလယ်ပိုင်း ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ် (Da Nang International Airport) တွင် ဒရုန်းရန်ကာကွယ်ရေးစနစ် (Anti-drone system) ကို တစ်လကြာ ရှေ့ပြေးစမ်းသပ်ခဲ့ရာ...

ဗီယက်နမ်အလယ်ပိုင်း ဒါနန်းအပြည်ပြည်ဆိုင်ရာလေဆိပ် (Da Nang International Airport) တွင် ဒရုန်းရန်ကာကွယ်ရေးစနစ် (Anti-drone system) ကို တစ်လကြာ ရှေ့ပြေးစမ်းသပ်ခဲ့ရာ လေဆိပ်ထိန်းချုပ်မှုနယ်မြေအတွင်း ပျံသန်းနေသော မောင်းသူမဲ့လေယာဉ် (UAV/Drone) စုစုပေါင်း ၅၉၇ စီးအထိ ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း လေဆိပ်နယ်စပ်ဂိတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါဒရုန်းများအနက် ၄၅၈ စီးမှာ လေကြောင်းလုံခြုံရေးကို စိုးရိမ်ရသည့် ပျံသန်းမှုတားမြစ်ဇုန် (No-fly zone) များအတွင်း ဝင်ရောက်ပျံသန်းနေခြင်းဖြစ်ပြီး ကျန် ၁၃၉ စီးမှာ ကန့်သတ်နယ်မြေပြင်ပတွင် ပျံသန်းနေခြင်း ဖြစ်သည်။

ယခုစမ်းသပ်မှုကို လေဆိပ်ပတ်ဝန်းကျင်၌ ခွင့်ပြုချက်မဲ့ ဒရုန်းပတ်ပျံမှုများ စိပ်လာပြီး လေကြောင်းလုံခြုံရေးနှင့် ပျံသန်းမှုဘေးကင်းရေးကို ခြိမ်းခြောက်လာခြင်းကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဖေဖော်ဝါရီလနှင့် ဧပြီလအကြားတွင် လေဆိပ်ပတ်ဝန်းကျင်၌ ဒရုန်းကျူးကျော်ဝင်ရောက်မှု ၆ ကြိမ်အထိ ဖြစ်ပွားခဲ့သဖြင့် ခရီးစဉ်ပျံသန်းမှု ဒါဇင်ပေါင်းများစွာကို ထိခိုက်စေခဲ့သည်။ လေဆိပ်ရဲတပ်ဖွဲ့သည် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအောက်ရှိ နည်းပညာဝန်ဆောင်မှုဗျူရို၊ အမျိုးသားလေကြောင်းလုံခြုံရေးဗဟိုဌာနတို့နှင့် ပူးပေါင်းကာ လုံခြုံရေးကင်မရာများ တိုးမြှင့်ခြင်း၊ UAV ဆန့်ကျင်ရေးသေနတ် (Anti-UAV guns) များဖြင့် ၂၄ နာရီ ကင်းလှည့်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။ ရှေ့ဆက်၍ ဒါနန်းလေဆိပ်သည် လေဆိပ်နယ်မြေအတွင်း ဝင်ရောက်လာမည့် ဒရုန်းများကို အလိုအလျောက် ထောက်လှမ်း၊ ခွဲခြားနှင့် ခြေရာခံနိုင်မည့် အဆင့်မြင့် UAV စောင့်ကြည့်စစ်ဆေးရေးစနစ်သစ်တစ်ခုကို တရားဝင် ဆက်လက်စမ်းသပ်သွားမည်ဖြစ်သည်။

news-view-count-icon

6