ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကာလအလွန်မှစတင်ကာ ၁၀ ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီးနောက် ယနေ့ ဇွန် ၂၆ ရက်တွင် ဓာတ်ဆီတစ်လီတာလျှင် ၃,၆၁၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃,၅၃၅ ကျပ်အထိ သိသိသာသာ ထပ်မံကျဆင်းလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် ဓာတ်ဆီ 92 Ron လျှင် ၃,၆၁၅ ကျပ်၊ ဓာတ်ဆီ 95 Ron လျှင် ၃,၆၉၅ ကျပ်၊ ဒီဇယ် (HSD 500 ppm) လျှင် ၃,၅၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် လျှင် ၄,၁၉၀ ကျပ် သတ်မှတ်ထားပြီး အဆိုပါဈေးနှုန်းများသည် လာမည့် ဇူလိုင် ၂ ရက်နေ့အထိ အတည်ဖြစ်မည်ဖြစ်သည်။ ယခုတစ်ပတ် ဈေးနှုန်းကို ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ဓာတ်ဆီ 92 Ron က ၁၇၀ ကျပ်၊ ဓာတ်ဆီ 95 Ron က ၁၃၅ ကျပ်၊ ဒီဇယ်က ၃၇၅ ကျပ်နှင့် ပရီမီယံဒီဇယ်က ၅၃၀ ကျပ်အထိ အသီးသီး ဈေးနှုန်း ထပ်မံ ကျဆင်းသွားကြောင်း သိရသည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ သိသိသာသာ ဆက်လက်ကျဆင်းလာပြီး ဒီဇယ်တစ်လီတာလျှင် ၃,၅၃၅ ကျပ်အထိ ရောက်ရှိ
Jun 26 • 2:51 AM
Myanmar
Local
Share
| 21 | 0 | 0 | 0 |


