ရန်ကုန်မြို့ရှိ လမ်းမများနှင့် ယာဉ်ရပ်နားသည့် နေရာများတွင် အတားအဆီးများ ဖယ်ရှားပြီးနောက် ပြန်လည်ချထားသူများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈) ပါ ပြဋ္ဌာန်းချက်များအတိုင်း ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် စည်ပင်ဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားခဲ့သည်။ လက်ရှိတွင် စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကာ အတားအဆီးများကို ဖယ်ရှားရှင်းလင်းလျက်ရှိသော်လည်း အချို့နေရာများတွင် ပြန်လည်ချထားမှုများ ရှိနေသည်။ ၂၀၂၁ ခုနှစ်မှစတင်၍ လုံခြုံရေးအရ ချထားခဲ့သည့် အတားအဆီးများအနက် ဖြေလျှော့ပေး၍ရသည့် နေရာများမှ အတားအဆီး ထက်ဝက်နီးပါးခန့်ကို ဖယ်ရှားပြီးဖြစ်သော်လည်း ကျန်ရှိသည့်နေရာအချို့ကိုမူ လုံခြုံရေးလိုအပ်ချက်အရ ဆက်လက်ချထားရဆဲ ဖြစ်သည်ဟုသိရပါသည်။ 
ရန်ကုန်မြို့ရှိ ယာဉ်ရပ်နားသည့်နေရာများ၌ အတားအဆီး ပြန်လည်ချထားသူများကို စည်ပင်ဥပဒေဖြင့် ထိရောက်စွာ အရေးယူမည်ဟုဆို
Jun 26 • 2:08 AM
Myanmar
Yangon
Share
| 18 | 0 | 0 | 0 |


