back

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်တွင် စည်းကမ်းမဲ့ အမှိုက်ပစ်ပါက ဒဏ်ငွေ ကျပ် ၅ သောင်း ချမှတ်မည်ဖြစ်

Jun 26 • 2:07 AM

breaking-news

Myanmar

Kayin

cover

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်တောင်တွင် စည်းကမ်းမဲ့ အမှိုက်ပစ်ပါက ဒဏ်ငွေ ကျပ် ၅ သောင်း ချမှတ်မည်ဖြစ်

ကရင်ပြည်နယ်၏ အထင်ကရ ခရီးစဉ်ဒေသတစ်ခုဖြစ်သော ဘားအံမြို့ရှိ ဇွဲကပင်တောင်ခြေပတ်ဝန်းကျင်တွင် ယခုနှစ်အတွင်း ခရီးသွားလာသူ များပြားလာပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု...

ကရင်ပြည်နယ်၏ အထင်ကရ ခရီးစဉ်ဒေသတစ်ခုဖြစ်သော ဘားအံမြို့ရှိ ဇွဲကပင်တောင်ခြေပတ်ဝန်းကျင်တွင် ယခုနှစ်အတွင်း ခရီးသွားလာသူ များပြားလာပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများပြားလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားပုံရိပ် ထိခိုက်ရသဖြင့် အမှိုက်ပစ်သူများကို ဒဏ်ငွေချမှတ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဇွန် ၂၅ ရက်တွင် ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်အရ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူကို ဒဏ်ငွေ ၅၀,၀၀၀ ကျပ် ချမှတ်မည်ဖြစ်ပြီး၊ အမှိုက်စွန့်ပစ်သူအား တွေ့ရှိဖမ်းဆီးပေးနိုင်သူကို ဒဏ်ငွေ၏ ၅၀ ရာခိုင်နှုန်း (ကျပ် ၂၅,၀၀၀) အား ဆုကြေးအဖြစ် ချီးမြှင့်ကာ ကျန်ရှိသည့်ငွေကို ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့၏ ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။ ဤအမိန့်ကို ဖောက်ဖျက်ကျူးလွန်ပြီး မလိုက်နာသူများကို ရာဇသတ်ကြီးပုဒ်မ (၁၈၈) အပြင် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အမြဲလာရောက်လည်ပတ်လေ့ရှိသည့် အဆိုပါ ဇွဲကပင်တောင်သည် လက်ရှိ မိုးရာသီကာလတွင်လည်း လည်ပတ်သူ အများအပြား ရှိနေကြောင်း သိရသည်။

news-view-count-icon

10