back

နေပြည်တော်၊တပ်ကုန်းတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နေ

Jun 26 • 1:53 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်၊တပ်ကုန်းတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နေ

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ညောင်ပင်သာကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဇွန်လ ၂၄ ရက်က စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်င...

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ညောင်ပင်သာကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို ဇွန်လ ၂၄ ရက်က စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ နေပြည်တော် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။ အဆိုပါ ညောင်ပင်သာကျေးရွာသည် သဘာဝရေဘေးဒဏ် ခံစားခဲ့ရသည့် ရွာတစ်ရွာဖြစ်ပြီး လက်ရှိတွင် ခရီးသွားလုပ်ငန်း စံပြကျေးရွာအဖြစ် ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့ပြင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းနှင့်အတူ သားခိုတောင်ခရီးစဉ်ဒေသသစ်တစ်ခုကိုလည်း ထပ်မံဖော်ဆောင်လျက်ရှိသည်။ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကရည်ရွယ်ခြင်းဖြစ်ပြီး သားခိုတောင်ကို ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုအဖြစ် ဆက်လက်ဖော်ဆောင်ကာ နေပြည်တော်ခရီးစဉ်များနှင့် တွဲဖက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ဤခရီးစဉ်ဒေသသစ်သည် ခရီးသွားများအတွက် သဘာဝအလှအပနှင့် ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုကို လေ့လာနိုင်ခွင့်ရရှိစေမည်ဖြစ်ပြီး ခရီးသွားများ လာရောက်ခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13