Travel + Leisure Luxury Awards 2026 ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ ကော့စမွေ (Koh Samui) ကျွန်းသည် အာရှ-ပစိဖိတ်ဒေသ၏ အကောင်းဆုံးကျွန်းအဖြစ် သတ်မှတ်ရွေးချယ်ခံခဲ့ရကြောင်း Thethaiger သတင်းအရ သိရသည်။ ယင်းကျွန်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သည်လည်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော ဒီဇိုင်းနှင့် ဝန်ဆောင်မှုကောင်းမွန်မှုတို့ကြောင့် စင်ကာပူ ချန်ဂီလေဆိပ်၏နောက်တွင် ရပ်တည်ကာ ဒေသတွင်း အကောင်းဆုံးလေဆိပ်ကဏ္ဍ၌ ဒုတိယနေရာ ရရှိခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံ၏ အကောင်းဆုံး ကမ်းခြေနှင့် ကျွန်းအပန်းဖြေစခန်းများကဏ္ဍတွင် Cape Fahn Hotel က ဒုတိယနေရာ ရရှိခဲ့သလို အခြားသော အပန်းဖြေစခန်း ၄ ခုလည်း ထိပ်တန်း ၁၀ ခုစာရင်း၌ ပါဝင်လာခဲ့သည်။ အစိုးရပြောရေးဆိုခွင့်ရှိသူက ဤရလဒ်သည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရင်း နိုင်ငံတကာခရီးသွားများကို အဆင့်မြင့်မြင့် လက်ခံကြိုဆိုနိုင်သည့် စွမ်းဆောင်ရည်ကို ပြသနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အစိုးရအနေဖြင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းနှင့် လုံခြုံရေးမြှင့်တင်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ကျွန်း၏ပုံရိပ်ကို ထိခိုက်စေသည့် မာဖီးယာဂိုဏ်းများနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများကို အစိုးရက နှိမ်နင်းနေမှုကို ဒေသခံခရီးသွားလုပ်ငန်းရှင်များက ထောက်ခံကြပြီး သက်ဆိုင်ရာဌာနများကလည်း စစ်ဆေးမှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။
Jun 26 • 1:51 AM
Thailand
Local News
Share
| 11 | 0 | 0 | 0 |


