back

ထိုင်းနိုင်ငံ စီးပွားရေး ခရီးသွားလုပ်ငန်းကြောင့် ပြန်လည်ဦးမော့လာ

Jun 26 • 1:50 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ စီးပွားရေး ခရီးသွားလုပ်ငန်းကြောင့် ပြန်လည်ဦးမော့လာ

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် ပြန်လည်ဦးမော့လာမှုကြောင့် အားကောင်းသည့် တိုးတက်မှုများ ပြသနေကြောင်း The Nation Thailand သတင်းအရ သိရသည...

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် ပြန်လည်ဦးမော့လာမှုကြောင့် အားကောင်းသည့် တိုးတက်မှုများ ပြသနေကြောင်း The Nation Thailand သတင်းအရ သိရသည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ၏ ၁၂ ရာခိုင်နှုန်းကျော်အထိ ပံ့ပိုးပေးနေပြီး တိုင်းပြည်စီးပွားရေးအတွက် အဓိကမောင်းနှင်အား ဖြစ်လာသည်။ ထိုင်းအစိုးရအနေဖြင့် စီးပွားရေးမြှင့်တင်ရန် တရုတ်၊ အိန္ဒိယ၊ တိုင်ပေနှင့် ရုရှား အပါအဝင် နိုင်ငံအများအပြားကို ဗီဇာကင်းလွတ်ခွင့်ပေးခြင်း၊ ဗီဇာသက်တမ်း တိုးမြှင့်ပေးခြင်းစသည့် မဟာဗျူဟာမြောက် လုပ်ဆောင်ချက်များကြောင့် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုနှုန်းမှာ ကိုဗစ်ကပ်ရောဂါမတိုင်မီ အခြေအနေနီးပါးအထိ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံ၏ သဘာဝအလှအပများသာမက လမ်းဘေးစာစစ်စစ် (Street Food) မှသည် မစ်ရှီလင်ကြယ်ပွင့် (Michelin Star) ရ စားသောက်ဆိုင်များအထိ ကျော်ကြားလှသည့် ဘန်ကောက်မြို့၏ အစားအသောက်ယဉ်ကျေးမှုကလည်း အသုံးစရိတ်မြင့်မားသော ကမ္ဘာလှည့်ခရီးသည်များကို ပိုမိုဆွဲဆောင်နိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

6