back

ပြည်တွင်း၌ နိုင်ငံသားမှတ်ပုံတင် လျှောက်ထားရာ၌ ငွေကြေးတောင်းခံပါက ထိရောက်စွာ တိုင်ကြားနိုင်ဟုဆို

Jun 26 • 1:49 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ နိုင်ငံသားမှတ်ပုံတင် လျှောက်ထားရာ၌ ငွေကြေးတောင်းခံပါက ထိရောက်စွာ တိုင်ကြားနိုင်ဟုဆို

ပြည်သူလူထုအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) လျှောက်ထားရာတွင် ဝန်ထမ်းများက ငွေကြေးတောင်းခံခြင်း၊ အကြိမ်ကြိမ်ချိန်းဆိုခြင်းနှင့် မောက်မောက်မာမာ ဆက်ဆ...

ပြည်သူလူထုအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) လျှောက်ထားရာတွင် ဝန်ထမ်းများက ငွေကြေးတောင်းခံခြင်း၊ အကြိမ်ကြိမ်ချိန်းဆိုခြင်းနှင့် မောက်မောက်မာမာ ဆက်ဆံခြင်းများ ရှိပါက တိုင်ကြားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းများ ကြန့်ကြာမှုမရှိစေရန် ညွှန်ကြားထားပြီး အထောက်အထား ပြည့်စုံသည့် မွေးရာပါနိုင်ငံသားများကို နေ့ချင်းပြီး ထုတ်ပေးရန်နှင့် ဓာတ်ပုံ သို့မဟုတ် သွေးအုပ်စု မပြည့်စုံသူများကို ၁၄ ရက်အတွင်း ထုတ်ပေးရန် ညွှန်ကြားထားကြောင်း သိရသည်။ ထို့ပြင် ဥပဒေအရ နိုင်ငံသားစိစစ်ခံရမည့်သူများနှင့် ပတ်သက်၍ ၇ ရက်အတွင်း အမှုတွဲပြုစုကာ ခရိုင်ဦးစီးမှူးက ရက် ၃၀ အတွင်း လက်မှတ်ရေးထိုး ထုတ်ပေးရန် အဆင့်ဆင့် ညွှန်ကြားထားရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းရှင်းလင်း ပြောကြားခဲ့သည်။

news-view-count-icon

41