back

တရုတ်-ဥရောပရထား ဖြတ်သန်းမှု ထုန်ကျန်းရထားလမ်း နယ်စပ်ဂိတ်တွင် သိသိသာသာ မြင့်တက်လာ

Jun 26 • 1:48 AM

breaking-news

China

Local News

cover

တရုတ်-ဥရောပရထား ဖြတ်သန်းမှု ထုန်ကျန်းရထားလမ်း နယ်စပ်ဂိတ်တွင် သိသိသာသာ မြင့်တက်လာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ ထုန်ကျန်းရထားလမ်း နယ်စပ်ဂိတ်သည် ယခုနှစ် ဇွန် ၂၃ ရက်အထိ တရုတ်-ဥရောပရထား စုစုပေါင်း ၁၂၈ စင်း ဖြတ်သန်းပြေးဆွဲန...

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်ရှိ ထုန်ကျန်းရထားလမ်း နယ်စပ်ဂိတ်သည် ယခုနှစ် ဇွန် ၂၃ ရက်အထိ တရုတ်-ဥရောပရထား စုစုပေါင်း ၁၂၈ စင်း ဖြတ်သန်းပြေးဆွဲနိုင်ခဲ့ကြောင်း China Railway Harbin Group Co., Ltd. က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် သယ်ယူပို့ဆောင်ရေးပမာဏမှာ တန်ချိန် ၁၁၅,၇၂၄ တန်အထိ ရှိလာပြီး ယခင်နှစ် ကာလတူထက် တစ်ဆကျော် တိုးတက်လာသည့်အတွက် နယ်စပ်ဂိတ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးပမာဏမှာ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်ဖွင့်လှစ်ခဲ့သော အဆိုပါနယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ၏ သက်တမ်းအနုဆုံး တရုတ်-ဥရောပရထားလမ်း နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။ နိုင်ငံ၏ အဆင့် ၁ နယ်စပ်ဂိတ်အဖြစ် သတ်မှတ်ခံထားရသည့် ထုန်ကျန်းဂိတ်သည် ပြည်တွင်း၌ မြစ်ကူးရထားလမ်းတံတားကို အမှီပြု၍ ပြင်ပသို့ ဆက်သွယ်ထားသော တစ်ခုတည်းသော နယ်စပ်ဂိတ်လည်း ဖြစ်သည်။ ထို့ကြောင့် အဆိုပါလမ်းကြောင်းသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အစီအစဉ်၏ ဟေးလုံကျန်း ကုန်းကြောင်း-ပင်လယ်ရေကြောင်း စီးပွားရေးရပ်ဝန်းတွင် အဓိကကျသော ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။

news-view-count-icon

3