မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သံလွင်မြစ်ရေ မြင့်တက်လာကာ ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ရာ နေအိမ် ၇ လုံးကို ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဇွန် ၂၅ ရက်တွင် သိရသည်။ အဆိုပါ ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းလုပ်ငန်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ပြီး နေအိမ်ဖျက်သိမ်းခဲ့ရသည့် ဘေးအန္တရာယ်ကြုံတွေ့သူ ပြည်သူများကို နီးစပ်ရာ ဆွေမျိုးများအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပေါင်မြို့နယ် လက်ပံကျွန်းကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း သံလွင်မြစ်ကမ်းပါး ရေတိုက်စား ပြိုကျမှုကြောင့် လူနေအိမ် ၈ လုံးကို ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ပေးခဲ့ရဖူးကြောင်း သိရသည်။
Jun 26 • 1:45 AM
Myanmar
Mon
Share
| 26 | 0 | 0 | 0 |


