ဧရာဝတီဘဏ် (AYA Bank) ၌ ယခင်က အသုံးပြုခဲ့သည့် Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာ မဟုတ်သော လျှောက်လွှာပေါ်ရှိ အချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ ပေါက်ကြားခဲ့သည့် ပေါ်တယ် (Portal) သည် ဘဏ်၏ ပင်မစနစ်များဖြစ်သော Core Banking System၊ AYA Pay System နှင့် Card System တို့နှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်း မရှိသည့်အပြင် အခြားစနစ်များကိုလည်း တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း ဧရာဝတီဘဏ်က သတင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ AYA Pay၊ AYA Internet Banking နှင့် Mobile Banking စနစ်များကို ပုံမှန်အတိုင်း စိတ်ချလုံခြုံစွာ ဆက်လက်အသုံးပြုနိုင်ကြောင်း သိရသည်။ဘဏ်အနေဖြင့် သုံးစွဲသူများ၏ အချက်အလက်လုံခြုံရေးကို အမြဲဦးစားပေး ဆောင်ရွက်ခဲ့သော်လည်း ယခုဖြစ်စဉ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရမှုအပေါ် အနူးအညွတ် တောင်းပန်ထားပြီး၊ လက်ရှိတွင် Cyber Security နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်မှုများကို တိုးမြှင့်ဆောင်ရွက်ထားရှိကြောင်း ဆိုသည်။ သုံးစွဲသူ ပြည်သူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအားလုံး လုံးဝဘေးကင်းလုံခြုံစွာ ရှိနေသဖြင့် ဘဏ်၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ ဖြင့် ဆက်လက်အသုံးပြုနိုင်ကြောင်း ဧရာဝတီဘဏ်က အသိပေး ထုတ်ပြန်ထားသည်။
ဧရာဝတီဘဏ် (AYA Bank) ဘက်မှ ပေါ်တယ်အဟောင်းတစ်ခုမှ အချက်အလက်အချို့ ပေါက်ကြားခဲ့သော်လည်း ပင်မဘဏ်စနစ်များ ဘေးကင်းလုံခြုံဟု ထုတ်ပြန်ထား
Jun 25 • 7:47 AM
Myanmar
Local
Share
| 44 | 0 | 0 | 0 |


