back

ရန်ကုန်တွင် လောင်းကစားနှင့် ကမ္ဘာ့ဖလားပွဲများကြောင့် ခိုးဆိုးလုယက်မှုနှင့် အိမ်ဖောက်ထွင်းမှုများ ပိုမိုစိပ်လာ

Jun 25 • 7:35 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တွင် လောင်းကစားနှင့် ကမ္ဘာ့ဖလားပွဲများကြောင့် ခိုးဆိုးလုယက်မှုနှင့် အိမ်ဖောက်ထွင်းမှုများ ပိုမိုစိပ်လာ

ရန်ကုန်မြို့နယ်အသီးသီးတွင် ကမ္ဘာ့ဖလားဘောလုံးပွဲနှင့် အွန်လိုင်းလောင်းကစားများ ကျယ်ပြန့်လာခြင်းကြောင့် ငွေကြေးပြတ်လတ်ကာ ခိုးဆိုးလုနှိုက်မှုနှင့် အိမ်ဖောက်ထွင်းမှ...

ရန်ကုန်မြို့နယ်အသီးသီးတွင် ကမ္ဘာ့ဖလားဘောလုံးပွဲနှင့် အွန်လိုင်းလောင်းကစားများ ကျယ်ပြန့်လာခြင်းကြောင့် ငွေကြေးပြတ်လတ်ကာ ခိုးဆိုးလုနှိုက်မှုနှင့် အိမ်ဖောက်ထွင်းမှုဖြစ်စဉ်များ နေ့စဉ်နှင့်အမျှ ပြန်လည်မြင့်တက်လာနေသည်။ ဒုစရိုက်သမားများသည် ညဘက်မိုးသည်းထန်စွာရွာသွန်းချိန်တွင် မိုးသံ၊ လေသံများကြောင့် အိမ်ရှင်များ သတိမပြုမိနိုင်ခြင်းနှင့် မီးပြတ်တောက်ခြင်းတို့ကို အခွင့်ကောင်းယူကာ ပိုမိုအတင့်ရဲစွာ ကျူးလွန်လာကြပြီး မကြာသေးမီက လှိုင်မြို့နယ်တွင် တိုက်ခန်းတက်ခိုးရာမှ လူသတ်မှုအထိ ဖြစ်ပွားခဲ့သည်။လက်ရှိတွင် နေအိမ်ဝရံတာရှိ ပစ္စည်းများ၊ အဝတ်အထည်များ၊ စက်ဘီး၊ ဆိုင်ကယ်၊ ရေမော်တာများနှင့် အိမ်မွေးတိရစ္ဆာန်များပါမကျန် ခိုးယူခံနေရသည့်အပြင် ညဘက်ကုန်စုံဆိုင်များကို သော့ဖျက်ကာ ငွေနှင့် တန်ဖိုးကြီးပစ္စည်းများ ဝင်ရောက်မွှေနှောက်သည့် ဖြစ်စဉ်များလည်း ခပ်စိပ်စိပ် ဖြစ်ပွားနေသည်။ ယခုကဲ့သို့ ဒုစရိုက်မှုများ အဖြစ်များလာခြင်းကြောင့် မြို့ခံပြည်သူများနှင့် စီးပွားရေးလုပ်ကိုင်သူများအကြား နေ့ညမရွေး လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ အထူးမြင့်တက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

30