ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယာဉ်တိုက်မှုအန္တရာယ်များ လျှော့ချနိုင်ရန်နှင့် အများပြည်သူ ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဇွန်လ ၂၄ ရက်နေ့က ဆောင်ရွက်ခဲ့ပြီး၊ ယခုပညာပေးကာလ ပြီးဆုံးပါက စည်းကမ်းမလိုက်နာသည့် ယာဉ်များကို တည်ဆဲဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့မဈေးရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒေသခံတစ်ဦး၏ ပြောပြချက်အရ မိုးရာသီကာလအတွင်း လမ်းချော်တတ်သဖြင့် ဆိုင်ကယ်မောင်းနှင်သူများ မဖြစ်မနေ ဦးထုပ်ဆောင်းကြရန်၊ ဆိုင်ကယ်များ မိန်းလမ်းပေါ်တွင် လက်ယာဘက်ကပ်မောင်းရန်နှင့် ဆိုင်ကယ်တစ်စီးလျှင် ၃ ယောက်အထက် ပိုမစီးရန် စသည့်အချက်များကို အဓိကထား ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊တောင်ကြီးမြို့၌ ယာဉ်စည်းကမ်း အသိ ပညာပေးကာလအပြီးတွင် တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်
Jun 25 • 6:38 AM
Myanmar
Shan
Share
| 17 | 0 | 0 | 0 |


