back

တောင်ကိုရီးယား၌ စားသုံးသူယုံကြည်မှု မြင့်တက်လာခြင်းနှင့်အတူ မေလအတွင်း လက်လီရောင်းချမှု ၉ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာ

Jun 25 • 6:44 AM

breaking-news

South Korea

Local News

cover

တောင်ကိုရီးယား၌ စားသုံးသူယုံကြည်မှု မြင့်တက်လာခြင်းနှင့်အတူ မေလအတွင်း လက်လီရောင်းချမှု ၉ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာ

တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ယနေ့ (ဇွန် ၂၄ ရက်) ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မေလအတွင်း နိုင်ငံတွင်းရှိ အဓိက လက်လီအရောင်းကုမ္...

တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ယနေ့ (ဇွန် ၂၄ ရက်) ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မေလအတွင်း နိုင်ငံတွင်းရှိ အဓိက လက်လီအရောင်းကုမ္ပဏီကြီး ၂၆ ခု (အော့ဖ်လိုင်း ၁၅ ခုနှင့် အွန်လိုင်း ၁၁ ခု) ၏ စုစုပေါင်း အရောင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၉.၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ ဤတိုးတက်မှုသည် စားသုံးသူများ၏ ဝယ်လိုအား ယုံကြည်မှု ပြန်လည်ဦးမော့လာခြင်းနှင့် မေလအတွင်း ကျရောက်သည့် မိသားစုများနေ့ အထိမ်းအမှတ် (Family Month) ရာသီအလိုက် ဝယ်ယူမှုများကြောင့် ဖြစ်သည်။ကဏ္ဍအလိုက်ကြည့်ပါက လူကိုယ်တိုင်သွားရောက်ဝယ်ယူရသည့် အော့ဖ်လိုင်းအရောင်းမှာ ၉.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အွန်လိုင်းအရောင်းမှာ ၈.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အော့ဖ်လိုင်းလုပ်ငန်းများအနက် ကုန်တိုက်ကြီးများ (Department Stores) သည် ပြည်ပခရီးသွား ဝင်ရောက်မှု အားကောင်းခြင်းနှင့် ဇိမ်ခံပစ္စည်း၊ ဖက်ရှင်အဝတ်အထည်များ ဝယ်လိုအား မြင့်မားခြင်းတို့ကြောင့် အရောင်းပမာဏ ၂၄.၅ ရာခိုင်နှုန်းအထိ အမြင့်ဆုံး ခုန်တက်ခဲ့ကာ ၁၁ လဆက်တိုက် အရောင်းတိုးတက်မှုကို ထိန်းသိမ်းနိုင်ခဲ့သည်။ ထို့ပြင် အဆင်ပြေစတိုးဆိုင်များ (Convenience Stores) ၌လည်း နွေရာသီအစောပိုင်း အပူချိန်ကြောင့် အဖျော်ယမကာနှင့် အသင့်စားအစားအစာများ အရောင်းသွက်ခဲ့သဖြင့် ၅.၉ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

သို့သော်လည်း အစားအသောက် အရောင်းပိုင်းတွင် အားနည်းခဲ့သည့် လျှော့ဈေးစူပါမားကတ်ကြီးများ (Hypermarkets) ၏ အရောင်းမှာ ၅.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ကွင်းဆက်စူပါမားကတ်ငယ်များ (SSMs) ၏ အရောင်းမှာလည်း ၈.၀ ရာခိုင်နှုန်းအထိ ၆ လဆက်တိုက် ဆက်လက်ကျဆင်းခဲ့ကြောင်း သိရသည်။

news-view-count-icon

7