back

ပြည်တွင်းပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ဧရာဝတီဘဏ် (AYA Bank) ရဲ့ ကွန်ပျူတာsystemထဲကို ဟက်ကာတွေ ဝင်ရောက်ပြီးusersများရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားမှု ဖြစ်ပွားနေ

Jun 25 • 6:02 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်းပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ဧရာဝတီဘဏ် (AYA Bank) ရဲ့ ကွန်ပျူတာsystemထဲကို ဟက်ကာတွေ ဝင်ရောက်ပြီးusersများရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူသွားမှု ဖြစ်ပွားနေ

ဆိုက်ဘာလုံခြုံရေးလောကမှာ အချက်အလက်ခိုးယူပြီး ငွေညှစ်ရာမှာ နာမည်ကြီးတဲ့ LAPSUS$ အမည်ရတဲ့ ဟက်ကာအဖွဲ့က ဧရာဝတီဘဏ်ရဲ့ Data ပမာဏ 120 GB ခန့်ကို ခို.းယူရရှိထားကြောင်း ...

ဆိုက်ဘာလုံခြုံရေးလောကမှာ အချက်အလက်ခိုးယူပြီး ငွေညှစ်ရာမှာ နာမည်ကြီးတဲ့ LAPSUS$ အမည်ရတဲ့ ဟက်ကာအဖွဲ့က ဧရာဝတီဘဏ်ရဲ့ Data ပမာဏ 120 GB ခန့်ကို ခို.းယူရရှိထားကြောင်း ဇွန်လ ၂၃ ရက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဟက်ကာတွေ ခို.းယူသွားတယ်ဆိုတဲ့ ဖိုင်တွေထဲမှာ ဘဏ်အကောင့်ပိုင်ရှင်ရဲ့ အမည်အပြည့်အစုံ၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ဘဏ်အကောင့်နံပါတ်တွေနဲ့ ငွေစာရင်းအဝင်အထွက် မှတ်တမ်းတွေ စတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်အစုံအလင် ပါဝင်သွားတာ ဖြစ်ပါတယ်။သူတို့ တောင်းဆိုတဲ့ ငွေမပေးရင် အဲဒီအချက်အလက်တွေကိုအွန်လိုင်းမှောင်ခိုဈေးကွက်မှာ လေလံတင်ရောင်းချသွားမယ်လို့ ခြိ.မ်း.ခြော.က်ထားတယ်လို့ ဆိုက်ဘာစောင့်ကြည့်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

news-view-count-icon

30