ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာ၌ ပါဝင်ပတ်သက်သူ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးကို လုပ်ငန်းသုံး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မရှိစေရန်အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များက ရှာဖွေဖော်ထုတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ ၎င်းတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးစဉ်အတွင်း လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဖုန်းမျိုးစုံ ၃၄ လုံး၊ All In One ကွန်ပျူတာ ၈ လုံးနှင့် အင်ဗာတာ ၁ လုံးတို့ကိုလည်း အတူတကွ သိမ်းဆည်းရမိခဲ့သည်။လက်ရှိတွင် ဖမ်းဆီးရမိသူ တရုတ်နိုင်ငံသား ၄ ဦးကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး၊ စစ်ဆေးပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည့်အပြင် သိမ်းဆည်းရမိသည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊မူဆယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သည့် တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Jun 25 • 3:50 AM
Myanmar
Shan
Share
| 15 | 0 | 0 | 0 |


