back

ဗီယက်နမ်၊ ဟိုချီမင်းစီးတီးရှိ ဘတ်စ်ကားလိုင်း ၁၃၄ လိုင်းကို ဇူလိုင် ၁ ရက်မှစတင်၍ အခမဲ့စီးနင်းခွင့်ပြု

Jun 25 • 3:49 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်၊ ဟိုချီမင်းစီးတီးရှိ ဘတ်စ်ကားလိုင်း ၁၃၄ လိုင်းကို ဇူလိုင် ၁ ရက်မှစတင်၍ အခမဲ့စီးနင်းခွင့်ပြု

ဗီယက်နမ်၊ဟိုချီမင်းစီးတီး ပြည်သူ့သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုဗဟိုဌာန၏ ထုတ်ပြန်ချက်အရ လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မြို့တွင်းပြေးဆွ...

ဗီယက်နမ်၊ဟိုချီမင်းစီးတီး ပြည်သူ့သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုဗဟိုဌာန၏ ထုတ်ပြန်ချက်အရ လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မြို့တွင်းပြေးဆွဲနေသော ဘတ်စ်ကားလိုင်း ၁၃၄ လိုင်းတွင် ခရီးသည်အားလုံးကို အခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအစီအစဉ်သည် ပြည်သူများ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုအသုံးပြုလာစေရန်၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုများကို လျှော့ချရန်နှင့် စိမ်းလန်းသော မြို့ပြပတ်ဝန်းကျင် ဖော်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အဆိုပါ အခမဲ့စီးနင်းခွင့်မူဝါဒကို အစိုးရထောက်ပံ့ကြေးရရှိသည့် လိုင်းများရော၊ မရရှိသည့်လိုင်းများတွင်ပါ ကျင့်သုံးမည်ဖြစ်ပြီး အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သုံးလတာကာလအတွင်း မည်သည့်မှတ်ပုံတင် သို့မဟုတ် အထောက်အထားပြသရန်မျှမလိုဘဲ အခမဲ့စီးနင်းနိုင်မည်ဖြစ်သည်။ ဒုတိယအဆင့်တွင်မူ စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကျောင်းသားများနှင့် ကလေးသူငယ်များကဲ့သို့သော အထူးအုပ်စုများအတွက် သတ်မှတ်လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

မြို့တော်အာဏာပိုင်များအနေဖြင့် ဤစီမံကိန်းအောင်မြင်ရန်အတွက် ဘတ်စ်ကားလိုင်းများ၏ ဝန်ဆောင်မှုအရည်အသွေးနှင့် မော်တော်ယာဉ်များကို မြှင့်တင်ခြင်း၊ အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းတို့ကိုပါ တစ်ပြိုင်နက် လုပ်ဆောင်သွားမည်ဖြစ်သည်။ သို့သော်လည်း ဟိုချီမင်းစီးတီးအခြေစိုက်ပြီး ဒေါင်နိုင်းပြည်နယ်ကို ဖြတ်သန်းကာ ဗွန်တော (Vung Tau) မြို့သို့ ပြေးဆွဲသည့် ခရီးဝေးဘတ်စ်ကားလိုင်း အမှတ် ၁၇၂ မှာမူ ယခုအခမဲ့အစီအစဉ်တွင် ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

news-view-count-icon

4