back

ဗင်နီဇွဲလားနိုင်ငံတွင် မိနစ်ပိုင်းသာခြားပြီး အင်အား ၇.၂ နှင့် ၇.၅ ငလျင်ဆက်တိုက်လှုပ်ပြီး အဆောက်အဦးတွေ ပြိုကျခဲ့ကာ သေဆုံးသူများနိုင်

Jun 25 • 3:21 AM

breaking-news

Myanmar

International

cover

ဗင်နီဇွဲလားနိုင်ငံတွင် မိနစ်ပိုင်းသာခြားပြီး အင်အား ၇.၂ နှင့် ၇.၅ ငလျင်ဆက်တိုက်လှုပ်ပြီး အဆောက်အဦးတွေ ပြိုကျခဲ့ကာ သေဆုံးသူများနိုင်

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က မိနစ်ပိုင်းသာခြားပြီး ပြင်းအား ၇.၂ နှင့် ၇.၅ ရှိ အင်အားပြင်းငလျင်ကြီးနှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ...

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခန့်က မိနစ်ပိုင်းသာခြားပြီး ပြင်းအား ၇.၂ နှင့် ၇.၅ ရှိ အင်အားပြင်းငလျင်ကြီးနှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး လူအသေအပျောက် များပြားနိုင်ကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်။ဗင်နီဇွဲလားတွင် အဆိုပါငလျင်ကြီး လှုပ်ခတ်မှုကြောင့် မြို့တော် ကာရာကတ်စ်အပါအဝင် ဒေသအနှံ့အပြား၌ လူအများအပြား ထိတ်လန့်တကြား လမ်းမပေါ်သို့ ပြေးထွက်ခဲ့ကြသည်။ပြည်ထဲရေးဝန်ကြီး Diosdado Cabello ၏ ပြောကြားချက်အရ လတ်တလောတွင် လူအချို့ ထိခိုက်ဒဏ်ရာရမှုနှင့် အဆောက်အအုံ ပြိုကျမှုများရှိနေပြီး သေဆုံးသူအရေအတွက်ကိုမူ အတည်ပြုနိုင်ရန် စုံစမ်းဆဲဖြစ်သည်။ ကာရာကတ်စ်မြို့ရှိ Altamira ရပ်ကွက်တွင်မူ ၂၂ ထပ်ရှိ အဆောက်အအုံတစ်ခု လုံးဝပျက်စီးသွားခဲ့ကြောင်း AFP သတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့ရသည်။အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ ထုတ်ပြန်ချက်အရ ပထမငလျင်မှာ ဗင်နီဇွဲလား ကမ်းရိုးတန်းမြို့ဖြစ်သည့် မိုရွန်မြို့ အနောက်ဘက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး တစ်မိနစ်အတွင်းမှာပင် ဒုတိယအကြိမ် ပြင်းအား ရ ဒသမ ၅ ရှိ ငလျင်ကြီး ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းငလျင်များ၏ ပြင်းအားမှာ အိမ်နီးချင်း ကိုလံဘီယာနိုင်ငံ၏ မြို့တော် ဘိုဂိုတာအထိ ရိုက်ခတ်ခဲ့သဖြင့် ကိုလံဘီယာအစိုးရကလည်း နောက်ဆက်တွဲငလျင်အန္တရာယ်ကို သတိပြုနေထိုင်ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

17