back

တနင်္သာရီတိုင်း၊မြိတ်မြို့ ကန်ဖျားလမ်းမကြီးရှိ နေအိမ်တစ်အိမ်တွင် နေ့ခင်းဘက် ဖောက်ထွင်းသူခိုးဝင်သွားခဲ့

Jun 25 • 3:20 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊မြိတ်မြို့ ကန်ဖျားလမ်းမကြီးရှိ နေအိမ်တစ်အိမ်တွင် နေ့ခင်းဘက် ဖောက်ထွင်းသူခိုးဝင်သွားခဲ့

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားလမ်းမကြီးပေါ်ရှိ ကြံတောရပ်ကွက်မှ နေအိမ်တစ်အိမ်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်က နေ့ခင်းဘက် အိမ်ဖောက်ထွင်းမှုတ...

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားလမ်းမကြီးပေါ်ရှိ ကြံတောရပ်ကွက်မှ နေအိမ်တစ်အိမ်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်က နေ့ခင်းဘက် အိမ်ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။အဆိုပါဖြစ်စဉ်မှာ နေအိမ်၌ အိမ်ရှင်အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ်အတွင်း သူခိုးက အောက်ထပ်အနောက်ဘက်တံခါးကို ဖောက်ထွင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ အိပ်ခန်းထဲ၌ ရှိနေသော အိမ်ရှင်အမျိုးသမီးက ခြေသံကြားသဖြင့် ထွက်ကြည့်ရာ ဘုရားခန်းအတွင်း ပစ္စည်းမွှေနှောက်ရှာဖွေနေသည့် သူခိုးနှင့် တိုးခဲ့ခြင်းဖြစ်သည်။ထို့နောက် အိမ်ရှင်အမျိုးသမီးက ဝရံတာသို့ ပြေးထွက်ကာ လမ်းသွားလမ်းလာများနှင့် အနီးနားရှိ ရပ်ကွက်သားများကို အော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် သူခိုးမှာ မည်သည့်ပစ္စည်းမျှ ခိုးယူနိုင်ခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများက အဆိုပါနေအိမ်သို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ မြိတ်မြို့အတွင်း ဆိုင်ကယ်လုယက်မှု၊ ပစ္စည်းလုယက်မှုနှင့် နေအိမ်၊ ဆိုင်ခန်းများ ဖောက်ထွင်းခံရမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း တရားခံများကို ထိရောက်စွာ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

news-view-count-icon

25