back

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် ရောင်းချပေး

Jun 25 • 2:27 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၂ ဒသမ ၅ သန်းကျော် ရောင်းချပေး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ (၂ သန်းခွဲကျော်) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏ...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ (၂ သန်းခွဲကျော်) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ထို့ပြင် မနေ့ကကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် နိုင်ငံခြားငွေ အများဆုံး ဝယ်ယူရရှိခဲ့သည်။အဆိုပါ FX Trading အစီအစဉ်၌ အခြားကဏ္ဍများအလိုက် ဝယ်ယူရရှိမှုများမှာ စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့် ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းကဏ္ဍမှ ၈ ရာခိုင်နှုန်း အသီးသီး ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

22