back

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကစားဖို့ ဗီယက်နမ်အသင်း လေ့ကျင့်မှုစတင်

Jun 25 • 2:24 AM

breaking-news

Myanmar

Local

cover

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကစားဖို့ ဗီယက်နမ်အသင်း လေ့ကျင့်မှုစတင်

ဗီယက်နမ်လက်ရွေးစင်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကစားသမား ၂၈ ဦးဖြင့် ဇွန် ၂၃ ရက်မှစတင်ကာ ဟနွိုင်းမြို့၌ စခန်း...

ဗီယက်နမ်လက်ရွေးစင်အသင်းသည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာခြေစမ်းပွဲအတွက် ကစားသမား ၂၈ ဦးဖြင့် ဇွန် ၂၃ ရက်မှစတင်ကာ ဟနွိုင်းမြို့၌ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့သည် လာမည့် ၂၀၂၆ အာဆီယံဟွန်ဒိုင်းဖလား (ASEAN Hyundai Cup) ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဇူလိုင် ၁၈ ရက်တွင် ဖီဖာ (FIFA) အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အဆိုပါပွဲစဉ်ကို ဗီယက်နမ်နိုင်ငံ၊ ထရိုင်ငုရင်မြို့ရှိ ပရိသတ် ၂၂,၀၀၀ ဆံ့ ထရိုင်ငုရင်ကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ဗီယက်နမ်အသင်းကို ၂၀၂၄ ခုနှစ် မေလကတည်းက စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၄ အာဆီယံချန်ပီယံရှစ်တွင် ချန်ပီယံဆုရယူပေးထားသည့်အပြင် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးထားသော တောင်ကိုရီးယားနိုင်ငံသား နည်းပြ ကင်မ်ဆောင်ဆစ်က ဆက်လက်ဦးဆောင်နေသည်။ဗီယက်နမ်အသင်းသည် မြန်မာအသင်းနှင့် မကစားမီ ဇူလိုင် ၂ ရက်မှ ၁၄ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ ၁၀ ရက်ကျော်ကြာ စခန်းသွင်းလေ့ကျင့်သွားရန်လည်း စီစဉ်ထားသည်။မြန်မာ့လက်ရွေးစင်အသင်းသည် ဗီယက်နမ်အသင်းနှင့် နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၄ အာဆီယံချန်ပီယံရှစ် အုပ်စုအဆင့်တွင် တွေ့ဆုံခဲ့စဉ်က ၅ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားခဲ့ဖူးကြောင်း သိရသည်။

news-view-count-icon

26