back

တရုတ်နိုင်ငံ၌ Gracilaria ရေညှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြောင့် တံငါသည်များ ဝင်ငွေပိုမိုတိုးပွားလာ

Jun 25 • 1:37 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၌ Gracilaria ရေညှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြောင့် တံငါသည်များ ဝင်ငွေပိုမိုတိုးပွားလာ

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်၊ ရုန်ချိန်မြို့ ကမ်းရိုးတန်းတစ်လျှောက်ရှိ အဓိက ပင်လယ်ပြင်မွေးမြူရေးဇုန်များတွင် လက်ရှိ၌ Gracilaria (နဂါးမုတ်ဆိတ်) ရေညှိ စိုက်ပျိုး...

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်၊ ရုန်ချိန်မြို့ ကမ်းရိုးတန်းတစ်လျှောက်ရှိ အဓိက ပင်လယ်ပြင်မွေးမြူရေးဇုန်များတွင် လက်ရှိ၌ Gracilaria (နဂါးမုတ်ဆိတ်) ရေညှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဘက်စုံ စတင်လုပ်ဆောင်နေပြီဖြစ်ရာ ပင်လယ်ပြင်နှင့် ဆိပ်ကမ်းများတွင် လုပ်ငန်းခွင် ဝင်ရောက်နေကြသူများဖြင့် အလွန်စည်ကားလျက်ရှိသည်။ရုန်ချိန်မြို့သည် မကြာသေးမီနှစ်များအတွင်း ရေညှိ (Kelp) များ ရိတ်သိမ်းပြီးနောက် လစ်လပ်သွားသည့် စိုက်ပျိုးမွေးမြူရေးဖောင်များကို အပြည့်အဝ အသုံးချကာ Gracilaria ရေညှိကို ချက်ချင်း ပြောင်းလဲစိုက်ပျိုးခဲ့သည်။ ယခုကဲ့သို့ "လစ်လပ်မှုမရှိ တစ်ဆက်တည်း" ဆက်တိုက်စိုက်ပျိုးနိုင်ခြင်းကြောင့် ပင်လယ်ပြင်မွေးမြူရေး အဆောက်အအုံများ၏ အသုံးချမှုနှုန်းကို သိသိသာသာ မြင့်တက်စေခဲ့သည့်အပြင်၊ ဒေသခံတံငါသည်များအတွက်လည်း ဝင်ငွေပိုမိုတိုးပွားစေကြောင်း သိရသည်။

news-view-count-icon

10