၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၈ ရက် နံနက် ၆ နာရီတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။အဆိုပါ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ပေးသွားမည် ဖြစ်သည်။ ထို့ပြင် အောင်စာရင်းထုတ်ပြန်မည့် ဇွန်လ ၂၈ ရက် နံနက် ၄ နာရီအချိန်မှစတင်၍ စာစစ်ဌာနအလိုက် အောင်စာရင်းဖိုင်များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ပင်မ Website နှင့် ခုံအမှတ်ဖြင့် တိုက်ရိုက်ရှာဖွေကြည့်ရှုနိုင်သည့် Website တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ဝေးလံသောဒေသများနှင့် အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိသည့် စာစစ်ဌာနများအတွက်မူ အောင်စာရင်းထွက်ရှိမည့်နေ့တွင် မြန်မာ့အသံရေဒီယိုအစီအစဉ်မှတစ်ဆင့် ကြေညာပေးသွားမည်ဖြစ်သည်။ 
၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန်လ ၂၈ ရက်တွင် ထုတ်ပြန်မည်ဖြစ်
Jun 25 • 1:38 AM
Myanmar
Local
Share
| 171 | 0 | 0 | 0 |


