back

တရုတ်နှင့် မွန်ဂိုလီးယား ဝန်ကြီးချုပ်တို့ တာ့လျန်မြို့တွင် တွေ့ဆုံဆွေးနွေး

Jun 25 • 1:36 AM

breaking-news

China

Local News

cover

တရုတ်နှင့် မွန်ဂိုလီးယား ဝန်ကြီးချုပ်တို့ တာ့လျန်မြို့တွင် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် လျောင်နင်ပြည်နယ်၊ တာ့လျန်မြို့တွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် ချန်ပီယံသစ်များ နှစ်ပတ်လည်အစည်းအဝေး (နွေရာသီ ဒါဗို့စ်ဖိုရမ်) သိ...

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် လျောင်နင်ပြည်နယ်၊ တာ့လျန်မြို့တွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် ချန်ပီယံသစ်များ နှစ်ပတ်လည်အစည်းအဝေး (နွေရာသီ ဒါဗို့စ်ဖိုရမ်) သို့ တက်ရောက်လာသော မွန်ဂိုလီးယားနိုင်ငံ ဝန်ကြီးချုပ် Nyam-Osor Uchral နှင့် ဇွန် ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံသည် တရုတ်-မွန်ဂိုလီးယား ဆက်ဆံရေးကို အိမ်နီးချင်းသံတမန်ရေးတွင် အမြဲတမ်း အလေးထားကြောင်း ပြောကြားပြီး၊ နှစ်နိုင်ငံ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ခိုင်မာရေးနှင့် အေးအတူပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် အတူတကွ လုပ်ဆောင်သွားလိုကြောင်း ဆိုသည်။ ထို့ပြင် လယ်ယာထွက်ကုန်၊ ကျောက်မီးသွေးနှင့် တွင်းထွက်ပစ္စည်း အရောင်းအဝယ်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် e-commerce၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တု (AI) နည်းပညာ စသည့် စီးပွားရေးပုံစံသစ်များ ဖော်ထုတ်ရန်နှင့် နယ်စပ်ဆိပ်ကမ်း၊ ရထားလမ်း၊ အဝေးပြေးလမ်း အခြေခံအဆောက်အအုံများ ချိတ်ဆက်မှုကို မြှင့်တင်ရန် တရုတ်နိုင်ငံက အဆင်သင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။တစ်ဖက်တွင်လည်း မွန်ဂိုလီးယားနိုင်ငံအနေဖြင့် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင် ဖန်တီးပေးရန်နှင့် မွန်ဂိုလီးယားရှိ တရုတ်စီးပွားရေးလုပ်ငန်းများ၏ တရားဝင်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

news-view-count-icon

5