back

နေပြည်တော် ဥတ္တရသီရိမြို့ကို ဗဟိုပြု၍ အင်အားမဂ္ဂနီကျု ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်

Jun 24 • 10:38 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော် ဥတ္တရသီရိမြို့ကို ဗဟိုပြု၍ အင်အားမဂ္ဂနီကျု ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်

နေပြည်တော် ဥတ္တရသီရိမြို့၏ တောင်-အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၊ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားမဂ္ဂနီကျု ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဇွန...

နေပြည်တော် ဥတ္တရသီရိမြို့၏ တောင်-အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ၊ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အားမဂ္ဂနီကျု ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဇွန်လ ၂၄ ရက် နေ့လယ် ၃ နာရီ ၃၁ မိနစ်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ အဆိုပါငလျင်သည် ဇွန်လ ၂၄ ရက်နေ့အတွင်း ဒုတိယမြောက် လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်ပြီး၊ ယင်းနေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့ဘက် ၈ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားမဂ္ဂနီကျု ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

news-view-count-icon

22