မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးအနီးတွင် အမှိုက်စွန့်ပစ်ခြင်း၊ ကွမ်းတံထွေးထွေးခြင်း၊ ဆူညံစွာပြုမူခြင်းနှင့် စည်းကမ်းမဲ့ ကားရပ်နားခြင်းတို့ကြောင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများ၏ တိုင်ကြားမှုများ အဆက်မပြတ်ရှိနေသဖြင့် ၎င်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် မြန်မာသံရုံးက ဇွန်လ ၂၄ ရက်တွင် အသိပေးမေတ္တာရပ်ခံထားသည်။ သံရုံးတည်ရှိရာနေရာမှာ လူနေအိမ်ရာရပ်ကွက်အတွင်း ဖြစ်သောကြောင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လာရောက်ဆောင်ရွက်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် စည်းကမ်းချက်များကို အထူးဂရုပြု လိုက်နာပေးကြရန် သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် သံရုံး မေတ္တာရပ်ခံ
Jun 24 • 10:37 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


