ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့် ပြည်သူ့စကားဝိုင်း (၂၁) ကြိမ် စုစုပေါင်း (၁၀၅) ကြိမ်အထိ ကျင်းပနိုင်ခဲ့ကြောင်း ၎င်းဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြောကြားသည်။ အဆိုပါ စကားဝိုင်းများနှင့် ဟောပြောပွဲများကို ပြည်သူများ သိလိုသည့် အချက်အလက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပညာရှင်များထံ ပွင့်လင်းစွာ မေးမြန်းနိုင်ရန်နှင့် လူငယ်များ စာဖတ်အား မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းတွင် ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲ စုစုပေါင်း ၁၀၅ ကြိမ် ကျင်းပ
Jun 24 • 10:30 AM
Myanmar
Ayeyarwady
Share
| 10 | 0 | 0 | 0 |


