ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယ၊ ရွာငံနှင့် တောင်ကြီးပတ်ဝန်းကျင်ဒေသများတွင် အများအပြား စိုက်ပျိုးထွက်ရှိသည့် ကုလားအော်ငရုတ်သီးမှာ ပြည်တွင်းဈေးကွက်အပြင် ထိုင်း၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် လက်ရှိတွင် တစ်ပိဿာလျှင် ကျပ် ၃၅,၀၀၀ မှ ၃၈,၀၀၀ အထိ ဈေးကောင်းရရှိနေပြီး စိုက်ပျိုးသူများ အကျိုးအမြတ်ကောင်းရရှိနေကြောင်း စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။ အဆိုပါ ငရုတ်သီးကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက အစားအသောက်နှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများတွင်ပါ အသုံးပြုမှု များပြားလာသဖြင့် ဝယ်လိုအားမှာ နှစ်စဉ်မြင့်တက်လျက်ရှိပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုအတွက်ပါ အလားအလာကောင်းမွန်သည့် စီးပွားဖြစ်သီးနှံတစ်မျိုး ဖြစ်လာကြောင်း သိရသည်။
ပြည်တွင်းပြည်ပဝယ်လိုအား မြင့်တက်လာ၍ ရှမ်းပြည်နယ်ထွက် ကုလားအော်ငရုတ်သီး တစ်ပိဿာ ကျပ် ၃၈,၀၀၀ အထိ ဈေးကောင်းရရှိနေ
Jun 24 • 10:23 AM
Myanmar
Shan
Share
| 9 | 0 | 0 | 0 |


