မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် ဇွန်လ ၂၃ ရက်က ရန်ကုန်စီးတီး FC အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် (၂) တွင် အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဂိုးသွင်းယူချိန်တွင် ပင်မြင့်ယံ၏ အသက်မှာ ၁၆ နှစ်၊ ၈ လနှင့် ၂၂ ရက်သာ ရှိသေးသဖြင့် ရတနာပုံအသင်းသမိုင်းတွင် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် တရားဝင် စံချိန်တင် မော်ကွန်းရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အသက် ၁၆ နှစ်အရွယ် ပင်မြင့်ယံ ရတနာပုံအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်
Jun 24 • 10:27 AM
Myanmar
Local
Share
| 33 | 0 | 0 | 0 |


