ရန်ကုန်မြို့ရှိ YCC ၌ ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် Agri-Tech Myanmar 2026 ပြပွဲတွင် ပြည်တွင်းထွက် ရာသီပေါ်သစ်သီးဝလံများကို သက်သာသော အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ သစ်သီးဝလံအသင်းက အဓိကပံ့ပိုးကူညီသူအဖြစ် ပါဝင်သွားမည်ဖြစ်ပြီး၊ သစ်သီးဝလံများ အရောင်းအဝယ်ပြုလုပ်နိုင်မည့်အပြင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသစ်ဖွဲ့စည်းထားသည့် အစုအဖွဲ့များကိုလည်း အထူးမိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ Agri-Tech Myanmar 2026 ပြပွဲတွင် ရာသီပေါ်သစ်သီးဝလံများကို အထူးဈေးနှုန်းဖြင့် ရောင်းချမည်
Jun 24 • 10:22 AM
Myanmar
Yangon
Share
| 12 | 0 | 0 | 0 |


