မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီက ကြီးမှူး၍ နိုင်ငံတကာအိုလံပစ်နေ့ (Olympic Day Movement 2026) အထိမ်းအမှတ် အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို MFF Futsal Stadium ၌ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်ကစားသမားများနှင့် ပဏာမ ယူ-၁၉ အသင်းမှ ကစားသမားများကို အသင်းသုံးသင်းခွဲ၍ ယှဉ်ပြိုင်ကစားစေခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝမြှင့်တင်ရေးနှင့် လူငယ်များ အားကစားတွင် ပိုမိုပါဝင်လာစေရေးတို့ကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် လက်ရွေးစင်နှင့် ယူ-၁၉ ကစားသမားများ ပါဝင်သည့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ကျင်းပ
Jun 24 • 10:21 AM
Myanmar
Local
Share
| 15 | 0 | 0 | 0 |


